LED

KSERC

လူတိုင်းတက်သင့် တာ ရှေးဦးပြုစုခြင်းပညာ
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Tuesday, December 28, 2021

ကျောက်ဆည်ကြက်ခြေနီ၏ တစ်နှစ်အတွင်း လှုပ်ရှားမှူ့ များ

ကျောက်ဆည်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မှာ ၂၀၂၁နှစ်စ မှ ယနေ့အထိ လှုပ်ရှားမှူ့ စုစုပေါင်း ၁၄၂ကြိမ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ထိုလှုပ်ရှားမှူ့များတွင် ရုံးလုပ်ငန်းများ ၊ အခမ်းအနားပြင်ဆင်ခြင်းများ မပါဝင်ပါ။ တစ်ရက်ထဲ အကြိမ်ထပ် လှုပ်ရှားမှူ့များ နှင့် သင်တန်းကာလများ အား တစ်ကြိမ်အဖြစ်ရေတွက်ထားခြင်းသာ ဖြစ်ပါသည်။ နောက်ရက် တွင် လည်း တစ်နှစ်အတွင်း Ambulance နှင့် လူနာပို့ဆောင်ခြင်း၊ လူနာကောက်ယူခြင်း သီးသန့်(ကျန်လှုပ်ရှားမှု့များမပါ) ထပ်မံ တင်ပြပေးပါမည် ခင်ဗျာ။ အခုလို လှုပ်ရှား‌နိုင်အောင် ပံ့ပိုးပေးပါသော အလှူရှင်များ၊ ထောက်ပံ့ပေးသူများ နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌနချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူအားလုံးကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါသည်။

     သက်နိုင်ဦး
မြို့နယ်တပ်ဖွဲ့မှူး(တာဝန်)
ကျောက်ဆည်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့


မြန်မာနိုင်ငံ တွင် SARS-coV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး စတင်တွေ့ရှိခြင်း

 ၂၈-၁၂-၂၀၂၁ ရက်နေ့ တွင် ရရှိလာသော စစ်ဆေးချက်အရ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ Relief flight နှင့် ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသား (၄)ဦး တွင် SARS-coV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိရပါသည်။ 
          အဆိုပါရောဂါပိုးတွေ့ရှိသူ ၄ဦး အနက် တစ်ဦးသာလျှင် သာမာန်ရောဂါလက္ခဏာ တွေရှိရပြီး ကျန် ၃ဦး မှာ ရောဂါလက္ခဏာ မတွေ့ရပေ။ ယင်းပုဂ္ဂိုလ် ၄ဦး မှာ ကုသရေးစင်တာများတွင် စောင့်ကြပ်ကြည့် ရှု့၍ သတ်မှတ်ရက်ပြီးမြောက်ပြီး ကျန်းမာရေး ကောင်းမွန်သောကြောင့် ကုသရေး စင်တာမှ ဆင်ခွင့် ပြုခဲ့သည်။ လက်ရှိအချိန်တွင် ထိုပုဂ္ဂိုလ် ၄ဦး မှာ ကျန်းမာရေး ကောင်းမွန်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။ 



Credit:. ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်