LED

KSERC

လူတိုင်းတက်သင့် တာ ရှေးဦးပြုစုခြင်းပညာ
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Friday, December 31, 2021

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၏ ၂၀၂၂ ခုနှစ် နှစ်သစ် နှုတ်ခွန်းဆက်စကား



ချစ်ခင်လေးစားအပ်ပါသော နိုင်ငံတစ်ဝန်းက ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် များနဲ့ မိဘပြည်သူ အပေါင်းတို့ ခင်ဗျာ - 

ယနေ့သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့ ၂၀၂၂ ခုနှစ် နှစ်သစ်ရဲ့ ပထမဆုံးနေ့ဖြစ်ပါတယ်။ 

ကျွန်တော်တို့ရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်၊ အသင်းဝင်၊ တပ်ဖွဲ့ဝင်တွေဟာ ကျရာ အခန်းကဏ္ဍ ကနေပြီး ဒေသအလိုက် ရောဂါကာကွယ်တားဆီးရေးနှင့် ရှေးဦးပြုစုခြင်းလုပ်ငန်းများ အပြင် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိနေကြတဲ့ အတွက် ကျေးဇူးတင် ဂုဏ်ယူပါတယ်။ ဒီလို ကူညီဆောင်ရွက်နိုင်အောင် ပံ့ပိုးခဲ့ကြတဲ့ ကြီးကြပ် ကော်မတီဝင်များ၊ မြို့နယ်အမှုဆောင်များ၊ အသင်းဝင်၊ တပ်ဖွဲ့ဝင်ခေါင်းဆောင်များ၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များနှင့်  မိတ်ဖက်ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ဝင်များ၊ နိုင်ငံတကာနှင့် ဒေသတွင်းရှိ ပုဂ္ဂလိကနှင့် တစ်ဦးချင်း အလှူရှင်များအားလုံးကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက အထူးပင် ကျေးဇူးတင် လေးစား ဂုဏ်ယူ ပါကြောင်း မှတ်တမ်းတင်အပ် ပါတယ်။

ယနေ့ ကမ္ဘာပေါ်မှာ တီထွင်ဖန်တီးမှုတွေကြောင့် ခေတ်မှီတိုးတက်လာသည့် ပတ်ဝန်းကျင်နှင့် အညီ  အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသည့် သဘာဝနှင့် ပဋိပက္ခဘေးအန္တရာယ်များကြောင့် အချိန်နှင့် အမျှ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ဒါတွေကို ပူးပေါင်း ရင်ဆိုင်ဖြေရှင်းဖို့အတွက်ဆိုရင် ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေးအတွက် နေထိုင်မှု ပုံစံသစ်နဲ့ အံဝင်ခွင်ကျသည့် တီထွင်ဖန်တီးမှုများကို ဝိုင်ဝန်း ကြိုးစား လုပ်ဆောင် ပေးပါလို့ တိုက်တွန်းအပ်ပါတယ်။ 

ချစ်ခင်လေးစားအပ်ပါတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်၊ အသင်းဝင်များနဲ့ မိဘ ပြည်သူအပေါင်းတို့ ခင်ဗျာ - 

ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ ကြက်ခြေနီစေတနာလုပ်အားရှင်များသို့ အသင်း၏ အခြေခံမူ (၇) ချက်နှင့်အညီ မိဘပြည်သူများနှင့် အတူလက်တွဲ၍ ရောဂါဘယကင်းဝေးသော ပိုမို ကျန်းမာ ကြံ့ခိုင်သည့် လူမှုဘဝမှာ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အသင်း၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ထိန်းသိမ်းကာ အပြုသဘောဆောင်မည့် ကြိုတင်ပြင်ဆင်မှုနှင့် ထိရောက်တဲ့ တုံ့ပြန်နိုင်မှုတွေကို ဖြေရှင်းကျော်လွှား နိုင်သော ကြက်ခြေနီများ ဖြစ်ပါစေကြာင်း ဆုမွန်ကောင်းတောင်းရင်း မေတ္တာ ပို့သလိုက်ပါတယ်။

ဒေါက်တာမောင်မောင်မြင့် 
ဥက္ကဌ
မြန်မာနိုင်ငံကြက်ခြေနီအသင်း




Credit: mrcs page 

Tuesday, December 28, 2021

မြန်မာနိုင်ငံ တွင် SARS-coV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး စတင်တွေ့ရှိခြင်း

 ၂၈-၁၂-၂၀၂၁ ရက်နေ့ တွင် ရရှိလာသော စစ်ဆေးချက်အရ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ Relief flight နှင့် ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသား (၄)ဦး တွင် SARS-coV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိရပါသည်။ 
          အဆိုပါရောဂါပိုးတွေ့ရှိသူ ၄ဦး အနက် တစ်ဦးသာလျှင် သာမာန်ရောဂါလက္ခဏာ တွေရှိရပြီး ကျန် ၃ဦး မှာ ရောဂါလက္ခဏာ မတွေ့ရပေ။ ယင်းပုဂ္ဂိုလ် ၄ဦး မှာ ကုသရေးစင်တာများတွင် စောင့်ကြပ်ကြည့် ရှု့၍ သတ်မှတ်ရက်ပြီးမြောက်ပြီး ကျန်းမာရေး ကောင်းမွန်သောကြောင့် ကုသရေး စင်တာမှ ဆင်ခွင့် ပြုခဲ့သည်။ လက်ရှိအချိန်တွင် ထိုပုဂ္ဂိုလ် ၄ဦး မှာ ကျန်းမာရေး ကောင်းမွန်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။ 



Credit:. ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်


မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးလွှဲပြောင်းပွဲတက်ရောက်


ရန်ကုန်၊ ဒီဇင်ဘာလ (၂၈) ရက်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်ဦးဆောင်သော တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ (၁) နာရီက ရန်ကုန်ရုံးခွဲတွင်ပြုလုပ်သည့် တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Dose (၂၀၀,၀၀၀) လွှဲပြောင်းပွဲကို တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ အသင်းဥက္ကဌမှ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် အသင်းမှ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးလှုပ်ရှားဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ယခုလှူဒါန်းသည့် ကာကွယ်ဆေးများကို ရပ်ရွာလူထု အတွက် အကျိုးရှိရှိအသုံးချနိုင်ရန် ပြင်ဆင်ထားမှုများနှင့် စပ်လျဉ်းပြီး ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တရုတ်နိုင်ငံကြက်ခြေနီအသင်း၏ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ Minister Councellor Ms.Li Xiaoyan က လှူဒါန်းမှုနှင့် စပ်လျဉ်းပြီးရှင်းလင်းပြောကြားခဲ့ပါသည်။

ယင်းနောက် အသင်းဥက္ကဌမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကာ အသင်း၏ ရှေ့ဆက်ဆောင်ရွက်မည့် လူမှုကရုဏာလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ပံ့ပိုးပေးနိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွား ဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားကို အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ ဒေါ်မြသူ၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာ ထင်ဇော်စိုးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တရုတ်နိုင်ငံကြက်ခြေနီအသင်း၏ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ Minister Councellor နှင့် အတူ Mr. Qiu Ruilin ၊ မြန်မာ-တရုတ်စီးပွားရေးနှင့် စက်မှုလက်မှု ကုန်သည်ကြီးများအသင်းမှ ဥက္ကဌ ဦးအောင်မိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန







ကြက်ခြေနီ မှ ကလေးလုပ်သား စစ်တမ်းကောက်ယူရေး သင်တန်း တက်ရောက်

၂၇-၁၂-၂၀၂၁ ရက်နေ့ ကျောက်ဆည်မြို့နယ်အထွေ‌ေထွ အုပ်ချုပ်ရေးဦးစီးဌာန အစည်‌းအ ‌ေဝးခန်း မတွင် ဗဟို စာရင်းအင်းအဖွဲ့ မှ ပြုလုပ်သော ကလေးလုပ်သားစစ်တမ်း zoom သင်တန်းတွင် ကျောက်ဆည်မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ မှ တပ်ဖွဲ့ ဝင်တစ်ဦး တက်ရောက်ခဲ့ပါသည်။ 
 အဆိုပါသင်တန်းသား မှာ စစ်တမ်းကောက်ယူ ရေး အဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးလဲ ဖြစ်ပါသည်။ ကျောက်ဆည်မြို့နယ် မှ သင်တန်းသား ၆ဦး တက်ရောက်ကြာင်းသိရှိရပါသည်။


Sunday, April 28, 2019

ရွှေကူညီဓမ္မစကူး တွင် သွားရောက်ကူညီ

Uni
28-4-19 ရက်နေ့တွင် ကျောက်ဆည်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှှုး ဦးသက်နိုင်ဦး ဦးဆောင်သော တပ်ဖွဲ့ဝင် ၅ဦးဦးသ ရွှေကူညီဓမ္မစကူးတွင်ကျင့်ပသော အလှူငွေပေးအပ်ပွဲအခမ်းအနား သို့ တက်ရောက်ပြီး ဧည့်သည်များအား ရေနွေးပွဲများ ချပေးခြင်း အချိုပွဲချပေးခြင်း များ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

ZG
28-4-19 ရက်နေ့တွင် ကျောက်ဆည်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှုး ဦးသက်နိုင်ဦး ဦးဆောင်သော တပ်ဖွဲ့ဝင် ၅ဦးသည် ရွှေကူညီဓမ္မစကူးတွင်ကျင့်ပသော အလှူငွေပေးအပ်ပွဲအခမ်းအနား သို့ တက်ရောက်ပြီး ဧည့်သည်များအား ရေနွေးပွဲများ ချပေးခြင်း အချိုပွဲချပေးခြင်း များ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။





မုန်တိုင်းသတိပေးချက်




Uni

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (၂၇.၄.၂၀၁၉)

====================================

(က) ယနေ့မြန်မာစံတော်ချိန် (၂၂:၃၀)နာရီအချိန် တိုင်းထွာချက် များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)"ဖန်နီ" (FANI)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။



(ခ) ဆိုင်ကလုန်းမုန်တိုင်း"ဖန်နီ"(FANI)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသေး သဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။



အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၅၀)နှုန်း ဖြစ်ပါသည်။



နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

==========================

 အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)သည် နောက် (၁၂)နာရီအတွင်း အားကောင်း သောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm)"ဖန်နီ" (FANI)အဖြစ်သို့လည်း ကောင်း၊ နောက်(၃၆)နာရီအတွင်း အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း (Very Severe Cyclonic Storm) "ဖန်နီ" (FANI)အဖြစ် သို့လည်းကောင်း ရောက်ရှိနိုင်သည် ဟု ခန့်မှန်းရပါသည်။



အကြံပြုချက်

=========

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)နှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်းပျံသန်း‌ရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်ေ လျှာက်နှ င့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေ ယာဉ်များ၊ သငေ်္ဘာများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြု အပ်ပါသည်။


ZG






====================================











==========================




အကြံပြုချက်

=========

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)နှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်းပျံသန်း‌ရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်ေ လျှာက်နှ င့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြု အပ်ပါသည်။




Credit






































Wednesday, April 17, 2019

မန္တလေးတိုင်းကြက်ခြေနီရုံးတွင် အန္တရာယ် ကင်ပရိတ်ရွတ်

နှစ်​ဆန်​း(၁)ရက်​​နေ့
မန်​းတိုင်​းကြက်​​ခြေနီရုံးတွင်​
ဘုရားအမှူးရှိ​သောသံဃာ​တော်​များမှ
အန္တရာယ်​ကင်​းပရိတ်​ရွက်​ဖတ်​
လှူဘွယ်​ပစ္စည်​းအစုစုလှူဒါန်​း
ခဲဘွယ်​​ဘောဇဉ်​ဆက်​ကပ်​စဉ်​
နတ်​လူသာဓု​ခေါ်​စေ​ဗျာာနတ်​လူသာဓု​ခေါ်​စေ​ဗျာ

ZG
နှစ်​ဆန်း(၁)ရက်​​နေ့
နတ်​လူသာဓု​ခေါ်​စေ​ဗျာနတ်​လူသာဓု​ခေါ်​စေ​ဗျာ



Credit: ဦးသန်းထွန်း

Tuesday, April 2, 2019

မြန်မာနိုင်ငံကြက်ခြေနီအသင်းအလုပ်အမှုဆောင်များ Goodwill Ambassador အားလက်ခံတွေ့ဆုံ




မြန်မာနိုင်ငံကြက်ခြေနီအသင်းအလုပ်အမှုဆောင်များ Goodwill Ambassador အားလက်ခံတွေ့ဆုံ
= ==
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် Unbroken Journey Completely Without Flying အစီအစဉ်ဖြင့် ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၉၁ နိုင်ငံရှိ အမျိုးသားကြက်ခြေနီအသင်းများသို့ သွားရောက် လေ့လာ တွေ့ဆုံလျက်ရှိသည့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ Goodwill Ambassador ဖြစ်သူ Mr.Torbjørn C.pedersen အား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရန်ကုန်(ရုံးခွဲ) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

Mr. Pedersen သည် ၂၀၁၃ ခုနှစ်မှ စတင်ပြီး ကမ္ဘာတဝန်းရှိ အမျိုးသားကြက်ခြေနီအသင်းများသို့ လေယာဉ်ခရီးစဉ် လုံးဝအသုံးမပြုဘဲ ကုန်လမ်း/ရေလမ်းကြောင်းများဖြင့် ခရီးစဉ်မပြတ် သွားရောက်လေ့လာလျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၁၇၂ နိုင်ငံမြောက် လက်ခံ တွေ့ဆုံခဲ့သည့် အမျိုးသားအသင်းဖြစ်ပါသည်။ ဆက်လက်ပြီး ကျန်ရှိသော ၁၉ နိုင်ငံရှိ အမျိုးသားကြက်ခြေနီအသင်းများသို့ သွားရောက် လေ့လာရန် ၂၀၂၀ ခုနှစ်ထိ ကြာမြင့်မည် ဖြစ်ပြီး ၎င်း၏ ခရီးအစီအစဉ် ပြီးဆုံးမှသာ နေအိမ်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။

တွေ့ဆုံပွဲတွင် အသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာဒေါ်အမယာမော်နိုင်၊ ဒုတိယ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဦးတင်ထွန်းအောင်၊ ဒိန်းမက်နိုင်ငံကြက်ခြေနီအသင်းမှ Ms. Nuria Beneitez (Country Coordinator) တို့ တက်ရောက်ခဲ့ကြပါသည်။

Credit; ဦးအောင်မြင့်စိုး
#MRCS #Information