LED
KSERC
Friday, December 31, 2021
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၏ ၂၀၂၂ ခုနှစ် နှစ်သစ် နှုတ်ခွန်းဆက်စကား
Tuesday, December 28, 2021
ကျောက်ဆည်ကြက်ခြေနီ၏ တစ်နှစ်အတွင်း လှုပ်ရှားမှူ့ များ
မြန်မာနိုင်ငံ တွင် SARS-coV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး စတင်တွေ့ရှိခြင်း
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးလွှဲပြောင်းပွဲတက်ရောက်
ကြက်ခြေနီ မှ ကလေးလုပ်သား စစ်တမ်းကောက်ယူရေး သင်တန်း တက်ရောက်
Sunday, December 26, 2021
အသင်းခွဲခေါင်းဆောင်များအတွက် စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ မန္တလေးမြို့တွင်ကျင်းပ
မန္တလေး၊ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၂၅)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ပြုလုပ်သော အသင်းခွဲခေါင်းဆောင်များအတွက် စွမ်းရည်မြှင့်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ(၂၄)ရက်နေ့က မန္တလေးမြို့ရှိ Hotel United တွင် ကျင်းပခဲ့ပါသည်။
သင်တန်းဆင်းပွဲတွင် မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဒေါက်တာသိန်းထွန်းဆောင်နှင့် အသင်းဌာနချုပ် ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာတင်ထွန်းအောင်တို့က အမှာစကားများ ပြောကြားကြပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်ဦးယုတင်၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်လင်းလင်းသက်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေသူလင်း၊ အကြီးတန်းအရာရှိ ဒေါ်ဟန်သီအေး၊ တိုင်းကြက်
ခြေနီလူငယ်ကိုယ်စားလှယ်ဒေါ်ဇင်မာအေး၊ အထောက်
အကူပြုအရာရှိ ဦးထွန်းအောင်လွင်နှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းကို ဒီဇင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်
ဘာလ(၂၄)ရက်နေ့အထိ (၃)ရက်ကြာပြုလုပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။
သတင်းပးပို့သူ - ဦးထွန်းေအာင်လွင်
မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု့ကော်မတီဥက္ကဋ္ဌ မှ သင်တန်းဆင်းမိန့်ခွန်းပြောကြားနေစဉ်။
သင်တန်းသားတစ်ဦး မှ သင်တန်းဆင်းလက်မှတ် ယူနေစဉ်။သင်တန်းသူတစ်ဦးမှ သင်တန်းဆင်းလက်မှတ် ယူနေစဉ်။
Credit: MRCS page