LED

KSERC

လူတိုင်းတက်သင့် တာ ရှေးဦးပြုစုခြင်းပညာ

Saturday, December 21, 2013

ကြက်ခြေနီရှေးဦးပြုစုခြင်းသင်တန်း

21.12.2313ရက်(စနေနေ့) မှ စတင်ပြီး ကျောက်ဆည်မြို့နယ် ကြက်ခြနီသူနာပြုတပ်ဖွဲ့ မှ အခြခံရှေးဦးပြုစုခြင်းသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ဖွင့်ပွဲအခမ်းအနားကို  21.12.2313 ရက်နေ့ နံနက် (၀၉း ၀၀) နာရီ တွင် ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း (၃)ထပ်ကျောင်းဆောင်သစ်ကြီး အောက်ထပ်တွင် ကျင့်ပပြုလုပ်ခဲ့ပါသည်။ ဖွင်ပွဲအခမ်းအနားကို အစီစဉ် (၄)ရပ်ဖြင့် ကျင့်ပပြုလုပ်ခဲ့ပါသည်။

အခမ်းအနား အစီစဉ် (၁) ။ ။ အခြေခံရှေးဦးပြုစုခြင်း သင်တန်း ဖွင့်ပွဲအခမ်းအနား                                စတင်ဖွင့်လှစ်ကြောင်း ကြေညာခြင်း
အခမ်းအနား အစီစဉ် (၂) ။ ။ခရိုင်အုပ်ချုပ်ရေးမှုး ဦီးအုန်းသန်းမှ အဖွင့် အမှာစကားပြောကြားခြင်း
အခမ်းအနား အစီစဉ် (၃)။ ။ တိုင်းဒေသကြီးကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဦးစီးမှုး ပထမတန်း ဦးဖုန်းကျော်မှ အမှာစကားပြောကြားခြင်း
အခမ်းအနား အစီစဉ် (၄)။ ။အခြေခံရှေးဦးပြုစုခြင်း သင်တန်း ဖွင့်ပွဲအခမ်းအနား  ပြီးမြောက်ကြောင်းကြေညာခြင်း တို့ဖြစ်ပါသည်။
ဖွင့်ပွဲ အခမ်းနားကို ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှုး ဦအုန်းသန်း၊ ကျောက်ဆည်ခိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှုးကြီးမြင့်အောင် ၊  ကျောက်ဆည်မြို့နယ် ပညာရေးမှုး ဆရာမကြီးဒေါ်နှင်းဦး၊ ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့မှုး ဒုရဲမှုးတင်ထွန်း(တပ်ရင်းမှုး - ကျောက်ဆည်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ )၊ တိုင်းဦးစီးမှုး ပထမတန်းဦးဖုန်းကျော်နှင့် တိုင်း ဦးစီး အဖွဲ့ဝင်များ၊ ဦးသန်းဦး(ဒုတပ်ရင်းမှုး - ကျောက်ဆည်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ )၊ ကြက်ခြေနီတပ်ဖွဲ့ ၀င်များ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြပါသည်။
နံနက် (၁၀း ၃၀)တွင် ဖွင့်ပွဲ အခမ်းအနားပြီးဆုံးပါသည်။










နောက်ရက်များတွင်လည်း ဆက်လက် တင်ပြသွားပါမည်။
သက်နိုင်ဦး (ရေး/ထောက်)
ကျောက်ဆည်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့

No comments:

Post a Comment