LED
KSERC
လူတိုင်းတက်သင့် တာ ရှေးဦးပြုစုခြင်းပညာ
Showing posts with label ပညာပေး. Show all posts
Showing posts with label ပညာပေး. Show all posts
Tuesday, April 2, 2019
ကျောက်ဆည်မြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ကျောက်ဆည်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ နှင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကြက်ခြေနီ အသင်းဝင် တပ်ဖွဲ့ ဝင်များ၏ လှုပ်ရှားမှူ့များကို Android ဖုန်းများအတွင်း အလွယ် တစ်ကူ ဖတ်နိုင်ရန် Application ပြုလုပ်ထားပါသည် ။ အောက်မှာ ရယူနိုင်ပါတယ် ခင်ဗျာ ။ 
ကြက်ခြေနီအမှတ်အသာ လွဲမှားစွာအသုံးပြုနေမှုအပေါ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ၏ သဘောထား
ကြက်ခြေနီအမှတ်အသာ လွဲမှားစွာအသုံးပြုနေမှုအပေါ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ၏ သဘောထား
လူမှုရေးအကူအညီပေးရန် သို့မဟုတ် စီးပွားရေးအကျိုးအမြတ်နှင့် အခြား ရည်ရွယ်ချက်များကြောင့် အသင်းအဖွဲ့များနှင့် တစ်ဦးတစ်ယောက်ချင်းတို့က ကြက်ခြေနီအမှတ်အသားကို လွဲမှားစွာအသုံးပြုနေမှုများ ပိုမိုများပြားလာ သဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့်များစွာ စိုးရိမ်ပူပန်လျက် ရှိပါသည်။
ကြက်ခြေနီအမှတ်အသားကို ကမ္ဘာအရပ်ရပ်ရှိ အမျိုးသားကြက်ခြေနီ အသင်းများက ကြားနေခြင်းနှင့် ခွဲခြားမှုမရှိခြင်းအမှတ်အသား အဖြစ် လည်းကောင်း၊ ကိုယ်စားပြုရန်နှင့် အကာအကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် လည်းကောင်း အသုံးပြုနေပါသည်။ ကြက်ခြေနီ အမှတ်အသားအသုံးပြုပုံကို ၁၉၄၉ ခုနှစ် ဂျီနီဗာသဘောတူညီချက်များနှင့် ၄င်း၏နောက်ဆက်တွဲ သဘောတူညီချက်များတွင် ပြဌာန်းထားပါသည်။
ယေဘုယျအားဖြင့် ကြက်ခြေနီအမှတ်အသားကို ကိုယ်ပိုင် ဆေးခန်း/ဆေး ဆိုင်များ ၏ အမှတ်တံဆိပ် အနေဖြင့်သော်လည်းကောင်း၊ ပုဂ္ဂလိက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ၀န်ဆောင်မှုအမှတ်အသား အနေဖြင့်သော် လည်းကောင်း မကြာခဏ ရောထွေး နေတတ်ပါသည်။
`ကြက်ခြေနီအမှတ်အသားကို သုံးစွဲခွင့်မရှိဘဲ သုံးနေကြတဲ့လူတချို့တို့ ရဲ့  ပြုမူဆောင်ရွက်မှုတွေဟာ မြန်မာပြည်သူတွေကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့ နှစ်ပေါင်းများစွာအားသွန်ခွန်စိုက်ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ဂုဏ်သိက္ခာထိခိုက်မှာကိုကျွန်တော်တို့အနေနဲ့စိတ်ပူပါ တယ်။´ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌပါမောက္ခ 
ဒေါက်တာသာလှရွှေက ပြောသည်။`ဒီလို ဆောင်ရွက်နေကြခြင်းဖြင့် အဲဒီ
ယုံကြည်မှုတွေဟာ မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားနိုင်ပါတယ်´ ဟု လည်း  ဥက္ကဌ က ဆက်လက် ပြောကြားခဲ့သည်။
အကာအကွယ်ပေးသည့်အမှတ်အသားအားလွဲမှားစွာသုံးနေခြင်းကို ရှောင်ရှားရန် အများပြည်သူတို့ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက မေတ္တာရပ်ခံ အပ်ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူမှုကရုဏာလုပ်ငန်းများအကြောင်းကို ပိုမိုသိရှိကြရန်ဆန္ဒရှိကြ သောအများပြည်သူများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၀က်ဘ်ဆိုက် www.myanmarredcrosssociety.org သို့၎င်း၊ သို့မဟုတ် ကြက်ခြေနီ သင်္ကေတအသုံးပြုခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များ သိရှိလိုပါက အောက်ပါဝက်ဘ်ဆိုက် http://www.icrc.org/eng/ war-and-law/ emblem/index.jsp သို့၎င်း ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
သတင်းအချက်အလက်များပိုမိုသိရှိလိုပါက ဆက်သွယ်ရန်-
ဒေါ်ရွှေစင်မြင့်
ဌာနမှူး (ပြန်ကြားဆက်သွယ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေး)
ဖုန်း - (၀၉) ၈၅၅၃၂၈၄၊ (၀၁) ၃၉၂၀၂၈ (လိုင်းခွဲ - ၁၁၅)
ဖက်စ် - (၀၁) ၃၈၃ ၆၈၅
Email - com1@myanmarredcross.org.mm
ကျောက်ဆည်မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့
Thursday, March 28, 2019
အခြေခံမူ (၇) ချက်
Uni
........
ကျွန်တော်တို့ ကြက်ခြေနီတွေဟာ အခြေခံမူ(၇) ချက်နဲ့ အလုပ်လုပ်ကြရပါတယ်။ အတိအကျလဲ လိုက်နာရပါတယ်။ ဟာ ဒီ (၇) ဘယ်အချက် ကိုတော့ဖြင့် မကြိုက်ဘူး ဒီအချက်ကလေး ဖယ်လိုက်မယ်ဆိုပြီး လိုက်နာလို့ မရပါဘူး ။ အဲဒီအခြေခံမူတွေ က ဘာတွေလဲ ဆိုတော့?  .  .   .
၁။ လူသားခြင်းစာနာထောက်ထားခြင်း
ဆိုတာက အခု ကျွန်တော်တို့ မီးဘေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကနေပေးတဲ့ ပစ္စည်းတွေ ကို ကျွန်တော်တို့ စရိတ်နဲ့သွားထုပ်တယ် ပေးတယ် ဒါဟာ ဘာရပါစေ ဆိုတဲ့ မျှော်လင့်ချက် နဲ့ မဟုတ်ဘူး ။ သူတို့ဟာ ဘယ်ဘာသာ ၊ ဘာလူမျိုးရယ်ကြောင့်မ မဟုတ်ဘူး ကျွန်တော်တို့(ကြက်ခြေနီ) တွေ မျက်လုံးထဲမှာ မြင်တာ သူတို့ဟာ လူ တွေပဲ ဒါကြောင့် မို့ ''လူသားခြင်းစာနာထောက်ထား'' လို့ လုပ်ပေးတယ်
၂။ခွဲခြားမှူ့မရှိခြင်း
နောက်တစ်ချက် ဘာလူမျိူး ဘယ်ဘာသာ မခွဲခြားဘူး သဘာဝဘေးအန္တရယ် ကျရောက်တာနဲ့ လူမျိုးဘာသာ ''မခွဲခြား'' ပဲ ကူညီနေမှာပဲ
၃။ကြားနေခြင်း
မြင်အောင်ပြောရ ရင် တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ပွဲဖြစ်တယ် ။ မိတၳီလာ တို့ ရခိုင် တို့ မှာ ဘာသာရေး ပဋိပက္ခ ဖြစ်တယ် ကျွန်တော်တို့ ကြက်ခြေနီတွေဟာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ပြောခွင့် မရှိဘူး နှစ်ဖက်လုံးကို ''ကြားနေခြင်း'' ဆိုတဲ့ မူဝါဒ အရ ကယ်တင်ရမှာပဲ(အဲဒါကြောင့် အထင်လွဲမှားမှူ့တွေရှိခဲ့ပါတယ်)
၄။လွတ်လပ်ခြင်း
ကျွန်တော်တို့ ကြက်ခြေနီတွေကို ငါကတော့ မင့်တို့ကို ပိုက်ဆံ သိန်းပေါင်း ဘယ်လောက်လှူမယ် ကွာ ဘယ်လူမျိုးတွေ ဘယ်သူတွေကို ဘာမလုပ်ပေး နဲ့ လို့ လုပ်လာရင် သိန်းပေါင်းများစွာကို လက်ခံပါမယ် ကြက်ခြေနီလုပ်ငန်းတွေ ကိုတော့ မူဝါဒ တွေအတိုင်း ''လွွတ်လပ်စွာ'' လုပ်မှာပါ
၅။စေတနာ့ဝန်ထမ်းအကျိုးဆောင်ခြင်း
ဆိုတာ က အခု လူကြီးမင်းတို့ တွေ့နေတဲ့ ကြက်ခြေနီတွေဟာ တစ်ယောက်မှ လစာ မရကြပါဘူး ။ ကိုယ့်စရိတ်ကိုယ်စား ကို့ဆီကိုထည့်ပြီး လုပ်နေကြတဲ့ စေတနာလုပ်အားရှင် ''စေတနာ့ဝန်ထမ်း'' အစစ်တွေပါ ။
၆။စည်းလုံညီညွှတ်ခြင်း
အခု ကျွန်တော်တို့ ကျောက်ဆည် မြို့နယ် ကြက်ခြေနီတွေဟာ များသောအားဖြင့် တပ်ဖွဲ့မှူး နဲ့အသက်တွေ သိ်ပ်မကွာကြသလို လုပ်သက်တွေ လည်း မကွာကြပါဘူး။ ဒါပေမယ့် ဟာ ဒီလူ့ကို တော့ မြို့နယ်မှူးရာထူးပေးတယ်  ငါကျ ဘာရာထူး ဆိုပြီး တွက်ကပ်တဲ့လူ လုံးဝ မရှိသလို ဒီလူက ဘာ ဟိုလူက ဘာ ဆိုတာ မရှိပဲ ''စည်းစည်းလုံးလုံးနဲ့'' လုပ်နေကြလို့ ကျောက်ဆည်ကြက်ခြေနီ အသင်းခွဲ/ တပ်ဖွဲ့ ဟာ တည်တံ့ အောင်မြင်နေတာပါ
၇။ကမ်ဘာတစ်ဝှမ်းပျံနှံခြင်း
ကျွန်တော် တို့ ကြက်ခြေနီ တွေဟာ မြန်မာနိုင်ငံ တစ်နိုင်ငံထဲမှာ ရှိတာမဟုတ်ပဲ ''တစ်ကမ်ဘလုံးမှာပျံ့နှံ့နေပြီး '' တစ်နို်င်ငံနဲ့ တစ်နိုင်ငံချိတ်ဆက် လုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်
ZG
.......
နောက်တစ်ချက် ဘာလူမျိုး ဘယ်ဘာသာ မခွဲခြားဘူး သဘာဝဘေးအန္တရယ် ကျရောက်တာနဲ့ လူမျိုးဘာသာ ''မခွဲခြား'' ပဲ ကူညီနေမှာပဲ
၃။ကြားနေခြင်း
၎။လွတ်လပ်ခြင်း
ကျွန်တော်တို့ ကြက်ခြေနီတွေကို ငါကတော့ မင့်တို့ကို ပိုက်ဆံ သိန်းပေါင်း ဘယ်လောက်လှူမယ် ကွာ ဘယ်လူမျိုးတွေ ဘယ်သူတွေကို ဘာမလုပ်ပေး နဲ့ လို့ လုပ်လာရင် သိန်းပေါင်းများစွာကို လက်ခံပါမယ် ကြက်ခြေနီလုပ်ငန်းတွေ ကိုတော့ မူဝါဒ တွေအတိုင်း ''လွတ်လပ်စွာ'' လုပ်မှာပါ
၆။စည်းလုံညီညွှတ်ခြင်း
၇။ကမ္ဘာတစ်ဝှမ်းပျံနှံခြင်း
ကျွန်တော် တို့ ကြက်ခြေနီ တွေဟာ မြန်မာနိုင်ငံ တစ်နိုင်ငံထဲမှာ ရှိတာမဟုတ်ပဲ ''တစ်ကမ္ဘလုံးမှာပျံ့နှံ့နေပြီး '' တစ်နိုင်ငံနဲ့ တစ်နိုင်ငံချိတ်ဆက် လုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်
ကျောက်ဆည်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့
Tuesday, February 26, 2019
ZawGyi
========
++++++++++++++++++++++++++++++++++++++
၅။ ဆိုဖာရီနို စစ်မြေပြင်မှ စတင်ပေါက်ဖွားလာသည့်အဖွဲ့အစည်းဖြစ်ပြီး ယနေ့ထက်တိုင် ကမ္ဘာတစ်ဝှမ်းးတွင် ဆန့်ကျင်ဘက် အဖွဲ့စည်းများကြား နှစ်ဖက်လုံးက လက်ခံယုံကြည်နိုင်သည့် အဖွဲ့အစည်းဖြစ်ခြင်း
၉။ ICRC, IFRC အပြင် ကမ္ဘာတဝှမ်းရှိဘအမျိုးသားကြက်ခြေနီနှင့် လခြမ်းနီအသင်းများ နှင့် ကြက်ခြေနီလုပ်ငန်းများ စဉ်ဆက်မပျက် ပူးပေါင်းဆောင်ရွက်လျှက်ရှိခြင်း
=====
မြန်မာနိုင်ငံကြက်ခြေနီအသင်း ၏ ထူးခြားသိ ဝိသေသများ
++++++++++++++++++++++++++++++++++++++
၁။ နိုင်ငံတော်က ဥပဒေပြဌာန်း ဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်း ဖြစ်သည့်အပြင် နိုင်ငံတကာက အသိအမှတ်ပြုထားသည့်လူမှူ့ ဂရုဏာအဖွဲ့အစည်း (Humanitarian Organization)  ဖြစ်ခြင်း
၂။ စေတနာလုပ်အားရှင် များဖြင့်ပေါင်းစည်းဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်ခြင်း
၃။ တစ်နိုင်ငံလုံး ရပ်ကွက်/ကျေးရွာ အဆင့်ထိ ဖွဲ့စည်းထားခြင်းကြောင့် ပြည်သူအတွင်းစိမ့်ဝင်ပျံ့နှံ့မှူ့ရှိခြင်း
၄။ အခြားသောအမျိုးသားကြက်ခြေနီ နှင့် လခြမ်းနီအသင်းများ နည်းတူ နိုင်ငံတော်၏ လူမှူ့ဂရုဏာလုပ်ငန်းများတွင် အရန်အင်အားအဖြစ် ဆောင်ရွက်လျှက်ရှိခြင်း
၅။ ဆိုဖာရီနို စစ်မြေပြင်မှ စတင်ပေါက်ဖွားလာသည့်အဖွဲ့အစည်းဖြစ်ပြီး ယနေ့ထက်တိုင် ကမ်ဘာတစ်ဝှမ်း းတွင် ဆန့်ကျင်ဘက် အဖွဲ့စည်းများကြား နှစ်ဖက်လုံးက လက်ခံယုံကြည်နိုင်သည့် အဖွဲ့အစည်းဖြစ်ခြင်း
၆။ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အဖြစ် ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းထားခြင်းကြောင့် တာဝန်ပေးအပ်မှူ့၊ အမိန့်နာခံမှူ့ နှင့် စည်းကမ်းရိုသေမှူ့အပိုင်းတွင် ပိုမိုခိုင်မာခြင်း
၇။ လူငယ်ကြက်ခြေနီအသင်းဝင်/တပ်ဖွဲ့ဝင် များအဖြစ် ဖွဲ့စည်းထားပြီး ယင်းလူငယ်များကို နိုင်ငံအကျိုးပြု ပြည်သူ့အကျိုးပြုကြက်ခြေနီလုပ်ငန်းများတွင် အချိန်အခါမရွေး တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြစေဖို့ အစဉ်အမြဲလေ့ကျင့်ပျိုးထောင်ပေးခြင်း
၈။ အမျိုးသားကြက်ခြေနီအသင်းများ၏ လုပ်ငန်းများဆောင်ရွက်ရာတွင် ထင်သာမြင်သာရှိမှူုနှင့်တာဝန်ယူဆောင်ရွက်မှူ့တို့ကြောင့် အလှူရှင်များမှ ယုံကြည်ကိုးစားမှူ့ရှိခြင်း (ဥပမာ - ၂၀၁၅ရေဘေးအတွက် ပြည်တွင်းအလှူငွေ ကျပ်သိန်းပေါင်း ၁၃၀၀၀ကျော်လက်ခံရရှိခြင်း)
၉။ ICRC, IFRC အပြင် ကမ်ဘာတဝှမ်းရှိဘအမျိုးသားကြက်ခြေနီနှင့် လခြမ်းနီအသင်းများ နှင့် ကြက်ခြေနီလုပ်ငန်းများ စဉ်ဆက်မပျက် ပူးပေါင်းဆောင်ရွက်လျှက်ရှိခြင်း
ကျာက်ဆည်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့