LED
KSERC
Thursday, August 29, 2013
Monday, August 26, 2013
နှာခေါင်းသွေးယိုခြင်း
တော်တော်များများက
ကျနော်ကို လာလာမေးကြတယ် ။ နှာခေါင်းသွးယို ရင်ဘယ်လို ပြုစုရမလည်းလို့ပေါ့။ အခု အားလုံး
အတွက်တင်ပေးလိုက်ပါတယ် ခင်ဗျာ။ နှာခေါင်းသွေးယိုတာဟာ နှာခေါင်း အတွင်းရှိ သွေးကြေားတွေ
ပျက်စီးလို့သို့မဟုတ် ဦးခေါင်းဒဏ်ရာ ရလို့ စတဲ့ အကြောင်းရင်းတွေကြောင့်ယိုတတ်ပါတယ်။
နှာခေါင်းတွင်း
မှ နီရဲသောသွေး ၊သွေးရည်ကြည် များထွက်တတ်တဲ့ လက္ခဏာတွေ့ ရတတ်ပါတယ်။
လူနာကို ဘယ်လိုပြုစု
ရမလည်းဆို တော့ . . .
1.
လူနာကို
ရှေ့သို့ အနည်းငယ် ကိုင်း၍ထိုင်ခိုင်းပါ။
(နောက်ကိုမော့
၍ မထိုင်ခိုင်းပါနဲ့။သွေးများက လည်ချောင်းအတွင်းသို့စီးဝင်ပြီး အန်နိုင်လို့ပါခင်ဗျာ။
2.
လူနာကို
ပါးစပ်မှ အသက်ရှုခိုင်းပြီး နှာခေါင်းရိုးကို လက်မဖြင့် (၁၀)မိနစ်ခန့်ဖိခိုင်းပြီး သွေးရိုထွက်မှု့
ကို ထိန်းချုပ်ပါ။
3.
သွေးခဲများ
ညှစ်ခြင်း မပြုလုပ်ရ။
4.
သွေးခဲများ
ကို မျိုမချရ။
5.
ရေခဲပတ်
(သို့) ရေအေးအ၀တ်တင်ပါ။
6.
ချောင်းမဆိုးရ၊
နှပ်မညှစ်ရ။
7.
နာရီဝက်ကြာ၍သွေးမတိတ်လျှင်
ဆေးအကူအညီ အမြန်ဆုံးရယူပါခင်ဗျာ။
သက်နိုင်ဦး (ရေး/ထောက်)
ကျောက်ဆည်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့
Tuesday, August 13, 2013
ရှေးဦးပြုစုခြင်းသင်ခန်းစာများ(၁)
ရှေးဦးပြုစုခြင်းကိုချစ်သောသူ ကျွန်တော်တို့ဆွေးနွေးကြမှာ လူ့အသက်ကိုကယ်တင်မယ့်ပညာမို့ မေးခွန်းများကိုကြိုးစားဖြေရင်း
ဒီသင်ခန်းစာတွေပြီးတဲံ့အခါ Digital Divices မှရတဲ့ ကျွန်တော့်ရဲ့ လခများကိုစုပြီး အသက်ပေါင်းများစွာကယ်တင်ရာ ရှေးဦးပြုစုနည်းပညာ အမည်ပေးထားတဲ့ စာအုပ်ထုတ်ဝေပြီး တစ်တိုင်းလုံးမှာရှိတဲ့သင်တန်း
ကဲ...ဒီနေ့ မေးထားတဲ့မေးခွန်းလေးရဲ့အဖြေကို
လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာအရိုး
မျက်နှာ(၁၄) ဦးခွံ(၈) ဦးခေါင်းပိုင်းမှာ နှစ်ဆယ့်နှစ်
နံ(၂၄) ရင့်ညွန့်ပေး ရင်ခေါင်းပိုင်းမှာ နှစ်ငါးရွေး
လည် ကျော ဆစ်က(၇)(၁၂) ခါး ခါးမချပ်(၅)(၅)ဖြစ်
မြီးညှောင့်လေးခုပေါင်းလို့ကြည်
လက်ပြင်ညှပ်မောင်း(၂)ရိုးစီ လက်ဖျန် လေးရိုးရှိခဲ့ပြီ
(၁၆)(၁၀)(၂၈) လက်ကောက် ဖ၀ါး လက်ချောင်းဆစ်
အပေါ်ပိုင်းတွဲဖက်အဂါင်္များ (၆၄)ရိုး မှတ်သားထား။
ဆုံ ပေါင် ဂုံညှင်း(၂) ရိုးဆီ ခြေသလုံးလေးရိုးရှိခဲ့ပြီ
(၁၄)(၁၀)(၂၈)ခြေကျင်း ဖ၀ါး ခြေချောင်းဆစ်။
အောက်ပိုင်းတွဲဖက်အဂါင်္များ (၆၂)ရိုးမှတ်သားထား။
အားလုံးပေါင်းသော်သေချာကြည့် နှစ်ရာ့ခြောက်ရိုးရှိတယ်သိ။ ။
ဒီကဗျာလေးကို ရှေးဦးပြုစုခြင်းပညာကိုချစ်သော
ကျေးဇူးပြုပြီးအရကျက်ပေးထားပါ..
ကျွန်တော်တို့ နောက်ရက်ကျမှဆက်ဆွေးနွေးရအောင်ပ
စာချစ်သူအားရိုသေစွာဖြင့်
ကျော်စိုးဦး(မန္တလေး
Subscribe to:
Posts (Atom)