LED

KSERC

လူတိုင်းတက်သင့် တာ ရှေးဦးပြုစုခြင်းပညာ

Thursday, August 29, 2013




13.8.2013 ရက်နေ့ ညောင်ရွေ အထက တွင်ပြုလုပ်သော ၂/၂၀၁၃ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း



23.6.2013 ရက်နေ့ ကျောက်ဆည် ဂေါက်ကွင်းတွင်ပြုလုပ်သော သစ်ပင်စိုက်ပွဲတော် မြင်ကွင်း အချို့

ညောင်ရွေ အထက ကျောင်းဆောင်သစ်ဖွင့်ပွဲ




22.6.2013 ရက်နေ့ က ကျောက်ဆည်မြို့နယ် ညောင်ရွေ အထက ကျောင်းဆောင်သစ်ဖွင့်ပွဲမြင်ကွင်းပါ။

ဟန်မြင့်မိုရ် အထက






28.8.2013ရက်နေ့ ကျောက်ဆည်မြို့နယ် ဟန်မြင့်မိုရ် အထက တွင် ၃/၂၀၁၃ ရှေးဦးပြုစုခြင်း သင်တန်း ဖွင်ခြင်း

Monday, August 26, 2013

နှာခေါင်းသွေးယိုခြင်း



တော်တော်များများက ကျနော်ကို လာလာမေးကြတယ် ။ နှာခေါင်းသွးယို ရင်ဘယ်လို ပြုစုရမလည်းလို့ပေါ့။ အခု အားလုံး အတွက်တင်ပေးလိုက်ပါတယ် ခင်ဗျာ။ နှာခေါင်းသွေးယိုတာဟာ နှာခေါင်း အတွင်းရှိ သွေးကြေားတွေ ပျက်စီးလို့သို့မဟုတ် ဦးခေါင်းဒဏ်ရာ ရလို့ စတဲ့ အကြောင်းရင်းတွေကြောင့်ယိုတတ်ပါတယ်။
နှာခေါင်းတွင်း မှ နီရဲသောသွေး ၊သွေးရည်ကြည် များထွက်တတ်တဲ့ လက္ခဏာတွေ့ ရတတ်ပါတယ်။
လူနာကို ဘယ်လိုပြုစု ရမလည်းဆို တော့ . . .
1.    လူနာကို ရှေ့သို့ အနည်းငယ် ကိုင်း၍ထိုင်ခိုင်းပါ။
(နောက်ကိုမော့ ၍ မထိုင်ခိုင်းပါနဲ့။သွေးများက လည်ချောင်းအတွင်းသို့စီးဝင်ပြီး အန်နိုင်လို့ပါခင်ဗျာ။
2.    လူနာကို ပါးစပ်မှ အသက်ရှုခိုင်းပြီး နှာခေါင်းရိုးကို လက်မဖြင့် (၁၀)မိနစ်ခန့်ဖိခိုင်းပြီး သွေးရိုထွက်မှု့ ကို ထိန်းချုပ်ပါ။
3.    သွေးခဲများ ညှစ်ခြင်း မပြုလုပ်ရ။
4.    သွေးခဲများ ကို မျိုမချရ။
5.    ရေခဲပတ် (သို့) ရေအေးအ၀တ်တင်ပါ။
6.    ချောင်းမဆိုးရ၊ နှပ်မညှစ်ရ။
7.    နာရီဝက်ကြာ၍သွေးမတိတ်လျှင် ဆေးအကူအညီ အမြန်ဆုံးရယူပါခင်ဗျာ။

သက်နိုင်ဦး (ရေး/ထောက်)

ကျောက်ဆည်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့

Tuesday, August 13, 2013

ရှေးဦးပြုစုခြင်းသင်ခန်းစာများ(၁)


ရှေးဦးပြုစုခြင်းကိုချစ်သောသူ ကျွန်တော်တို့ဆွေးနွေးကြမှာ လူ့အသက်ကိုကယ်တင်မယ့်ပညာမို့ မေးခွန်းများကိုကြိုးစားဖြေရင်း ကျွန်တော်တင်ပေမယ့် ကဗျာများကို အသုံးချနိုင်စေရန် ကြိုးစားမှတ်သားကြစေချင်ပါတယ်...ဒီလိုပြောလို့ ကျော်စိုးဦးဆိုတဲ့ကျွန်တော် ဘာမှမတတ်သေးပါဘူး ကျွန်တော်သိသလောက် ကြိုးစားမျှဝေသွားပါမယ်...ပြီးရင်
ဒီသင်ခန်းစာတွေပြီးတဲံ့အခါ Digital Divices မှရတဲ့ ကျွန်တော့်ရဲ့ လခများကိုစုပြီး အသက်ပေါင်းများစွာကယ်တင်ရာ ရှေးဦးပြုစုနည်းပညာ အမည်ပေးထားတဲ့ စာအုပ်ထုတ်ဝေပြီး တစ်တိုင်းလုံးမှာရှိတဲ့သင်တန်းများကို အခမဲ့ဖြန့်ဝေသွားပါမယ်...

ကဲ...ဒီနေ့ မေးထားတဲ့မေးခွန်းလေးရဲ့အဖြေကို ဒီကဗျာလေးရအောင်ကျက်ထားရင်အဆင်ပြေသွားမယ်လို့ယုံကြည်ပါတယ်...ကျွန်တော်တို့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အရိုးပေါင်းကို ဒီကဗျာလေးရရင် သိပါပြီကြိုးစားကျက်မှတ်ကြရအောင်နော်...

လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာအရိုးပေါင်းဒီလောက်ရှိပါတယ် (အရကျက်ရန်)

မျက်နှာ(၁၄) ဦးခွံ(၈) ဦးခေါင်းပိုင်းမှာ နှစ်ဆယ့်နှစ်
နံ(၂၄) ရင့်ညွန့်ပေး ရင်ခေါင်းပိုင်းမှာ နှစ်ငါးရွေး
လည် ကျော ဆစ်က(၇)(၁၂) ခါး ခါးမချပ်(၅)(၅)ဖြစ်
မြီးညှောင့်လေးခုပေါင်းလို့ကြည့် ကျောရိုးတန်းမှာ(၃၃)ဖြစ်
လက်ပြင်ညှပ်မောင်း(၂)ရိုးစီ လက်ဖျန် လေးရိုးရှိခဲ့ပြီ
(၁၆)(၁၀)(၂၈) လက်ကောက် ဖ၀ါး လက်ချောင်းဆစ်
အပေါ်ပိုင်းတွဲဖက်အဂါင်္များ (၆၄)ရိုး မှတ်သားထား။
ဆုံ ပေါင် ဂုံညှင်း(၂) ရိုးဆီ ခြေသလုံးလေးရိုးရှိခဲ့ပြီ
(၁၄)(၁၀)(၂၈)ခြေကျင်း ဖ၀ါး ခြေချောင်းဆစ်။
အောက်ပိုင်းတွဲဖက်အဂါင်္များ (၆၂)ရိုးမှတ်သားထား။
အားလုံးပေါင်းသော်သေချာကြည့် နှစ်ရာ့ခြောက်ရိုးရှိတယ်သိ။ ။

ဒီကဗျာလေးကို ရှေးဦးပြုစုခြင်းပညာကိုချစ်သောသူ
ကျေးဇူးပြုပြီးအရကျက်ပေးထားပါ...။
ကျွန်တော်တို့ နောက်ရက်ကျမှဆက်ဆွေးနွေးရအောင်ပါ...

စာချစ်သူအားရိုသေစွာဖြင့်
ကျော်စိုးဦး(မန္တလေး

Wednesday, July 31, 2013

မြန်မာနိုင်ငံရှိ ဝေးလံ၍ ရောက်ရှိရန်ခက်ခဲသော ဒေသမှ ပြည်သူလူထုအား ကျန်းမာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများပေးရန် ကြက်ခြေနီအသင်းများ ပူးပေါင်းဆောင်ရွက်



ယမန်နေ့ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့တွင် အမျိုးသား ကြက်ခြေနီ အသင်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် မြန်မာနိုင်ငံအတွင်း ဝေးလံ၍ သွားရောက်ရန်ခက်ခဲသောဒေသမှ အကျိုးခံစားခွင့်ရှိသူ သုံးသောင်းကျော် အတွက် နောင်လာမည့်ငါးနှစ်တာကာလအတွင်းစီမံချက်လုပ်ငန်းများ ဆောင် ရွက်ရန် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့ ပါသည်။

အဆိုပါစာချွန်လွှာလက်မှတ်ရေးထိုးပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ လည်း အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေး ထိုးခဲ့သည်။

ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ရှိ သွားရောက်ရန်ခက်ခဲသော ကျေးရွာ ၇၈ ရွာတွင် မိခင်၊ မွေးကင်းစနှင့် ကလေးများကျန်းမာရေးကို အဓိကထားဆောင်ရွက်မည့် လူထုအခြေပြု ကျန်းမာရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ၆.၅သန်းကျော် ထောက်ပံ့သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် အာရှဒေသနှင့် ကမ္ဘာပေါ်တွင် မိခင်နှင့်ကလေးသေဆုံး မှုနှုန်း အမြင့် ဆုံးနိုင်ငံများတွင် ပါဝင်ပြီး သေဆုံးမှုအများစုသည်ကြိုတင်ကာကွယ်နိုင်သော ကုသနိုင်သော ရောဂါများကြောင့်ဖြစ်ကြောင်း တွေ့ရှိရသည်။

စီမံကိန်းအသစ်သည် ဒေသခံပြည်သူများအား ပြည်သူ့ကျန်းမာရေးလုပ်သားနှင့် အရန်သားဖွားဆရာမ များဖြစ်စေရန် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းပြီး သင်တန်းများပို့ချသွားမည် ဖြစ်သည်။ ယခုသဘောတူစာချွန်လွှာ အား ဗြိတိန်ကြက်ခြေနီအသင်း အမှုဆောင်အရာရှိချုပ် ဆာနစ်ကိုးလက်စ် ယန်းက လက်မှတ်ရေးထိုးပေးခဲ့ပြီး အသိသက်သေများအဖြစ် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာသာလှရွှေနှင့်အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီ အသင်းများဖက်ဒရေးရှင်း (မြန် မာရုံးခွဲ)မှ ကိုယ်စားလှယ်ခေါင်းဆောင် Mr. အူဒါးယား ရက်ဂ်ျမီတို့ မှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ) တွင်လက်မှတ်ရေးထိုး ခဲ့ကြသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာ သာလှရွှေက “မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေနဲ့ မိတ်ဖက်ကြက်ခြေနီအသင်းတွေကို လှိုက်လှဲစွာကြိုဆိုပါတယ်။ ဒီသဘောတူညီချက် ဟာ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ပြည်သူလူထုတွေ ရင်ဆိုင်တွေ့ကြုံနေရတဲ့ ကျန်းမာရေးစိန်ခေါ် မှုများအား သက်သာစေရေးဆောင်ရွက်နေသော လုပ်ဆောင်ချက်များ အတွက် အထောက်အကူပြုမှာ ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများကိုလည်း ပိုမိုကူညီဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။”ဟု ပြောကြား သွားပါသည်။
ဆာနစ်ကိုးလက်စ်ယန်းမှ “ဒီအရေးပါတဲ့သဘောတူညီမှုဟာ အမျိုးသား ကြက်ခြေနီအသင်းများ စုပေါင်းအားနဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ပံ့ပိုးကူညီနိုင်စေဖို့ ဖြစ်ပါတယ်။” ဟု ပြောကြားသွားပါ သည်။

“အရေးကြီးတဲ့ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကို ဝေးလံပြီးရောက်ရှိရန် ခက်ခဲတဲ့ ကျေးလက်နေ ပြည်သူများ လက်လှမ်းမီစေရေးအတွက် စနစ်တကျ သင်ကြားထားသော ကြက်ခြေနီစေတနာ လုပ်အားရှင်များနှင့် ဒေသခံ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ကွန်ယက်တစ်ခု တည်ဆောက်ထားပါတယ်။” ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဒေသဆိုင်ရာ ဆေးရုံ၊ ပြည်သူ့ ကျန်းမာရေး သားဖွားဆရာမနှင့် ပြည်သူလူထုအကြားတွင် အရေးပါသော ကွင်းဆက်တစ်ခုဖြစ်ပါသည်။ အရေးပေါ် ညွှန်းပို့ပေးရသည့် ကိစ္စရပ်များ တွင် ဆေးဝါးနှင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များကို ကြက်ခြေနီ ရန်ပုံငွေမှ အသုံးပြုသွားမည်ဖြစ်သည်။

သားဦးလေးမွေးဖွားမှုတွင် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသောမူး သာကျေးရွာ ရှိ အသက် (၃၅)နှစ် အရွယ် မချိုချိုဝင်းသည်လတ်တလောတွင် မှ ဒေသဆိုင်ရာဆေးရုံတွင် သူမ၏ဒုတိယကလေးအား မွေး ဖွားခဲ့သည်။ ရွာဓလေ့အရ လူတိုင်းနီးပါးသည် မိမိအိမ်တွင်သာ အရပ်လက်သည်နှင့် သာ မွေးဖွားလေ့ရှိ ကြသည်။

ယခုတော့ ကျေးရွာနေအမျိုးသမီးများသည် ကျေးလက်ကျန်းမာရေးဆရာမနှင့်ပြသကာ ပုံမှန်စစ်ဆေးမှု များခံယူလျက်ရှိသည်။ အကယ်၍ ကျေးလက်ကျန်းမာရေးဆရာမနှင့် အဆက်အသွယ် မရရှိဘဲ အခက် အခဲပြဿနာတစ်ခုခုရှိပါက ကိုယ်ဝန်ဆောင်မိခင်အား အနီး ဆုံးဆေးရုံသို့ သွားရောက်နိုင်ရေးကို ကြက်ခြေနီစေတနာလုပ်အားရှင်မှ ချက်ချင်း စီစဉ် ဆောင်ရွက်ပေးနိုင်ပြီ ဖြစ်သည်။

“ကျွန်မ ပထမအကြိမ်ကိုယ်ဝန်ဆောင်တုန်းက ဗိုက်ထဲက အရမ်းနာ ပြီး တော်တော်လည်းလန့်သွား တယ်။ ကျွန်မကော ကလေးကော သေတော့မှာပဲလို့ တွေးမိတယ်။”ဟုမချိုချိုဝင်းက ပြောခဲ့သည်။

“ဒါပေမယ့်အခုဒုတိယကလေးကျတော့ တော်တော်လွယ်သွားတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာကြက်ခြေနီစေတနာလုပ်အားရှင်က လစဉ် လာရောက်ကြည့်ရှုပေးပြီး ဆေးရုံမှာ မွေးနိုင်အောင် ကူညီဆောင်ရွက်ပေး ပါတယ်။ ကြက်ခြေနီစေတနာလုပ်အားရှင်က ရွာခံတွေဖြစ်ပြီး ကျွန်မတို့ အနေ နဲ့ သူတို့ကို ယုံကြည်အားကိုးပါတယ်။” ဟု သူမကဆက်လက်ပြော သွားပါသည်။

ယခု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် ဒိန်းမတ်ကြက်ခြေနီအသင်း၊ ဗြိတိန် ကြက်ခြေနီအသင်း၊ နော်ဝေးကြက်ခြေနီအသင်း၊ သြစတြီးယား ကြက်ခြေနီ အသင်းနှင့်ဆွီဒင်ကြက်ခြေနီအသင်းတို့ပါဝင်ပြီး မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းလူမှုကရုဏာလုပ်ငန်းများ ဆောင် ရွက်ခြင်း ဖြစ်ပါသည်။
From : MRCS